MPT Ring Tune ဝန်ဆောင်မှု ဆိုတာဘာလဲ။
MPT Ring Tune ဝန်ဆောင်မှု ဆိုသည်မှာ မိမိထံ ဖုန်းခေါ်ဆိုသူများအား သီချင်းများ နားဆင် နိုင်စေမည့် ဝန်ဆောင်မှု ဖြစ်ပါသည်။
ဝန်ဆောင်မှုကို ရယူရန် ဘာတွေလုပ်ဖို့လိုအပ်ပါသလဲ။
လစဉ်ဝန်ဆောင်မှု နှင့် နေ့စဉ် ဝန်ဆောင်မှု ဟူ၍ ၂ မျိုး ရှိပါသည်။ ကြိုက်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ် ရယူနိုင်ပါသည်။
လစဉ်ဝန်ဆောင်မှု ရယူလိုပါက REG M ဟုရိုက်၍ 7979 သို့ SMS ပေးပို့ပါ။ တစ်လလျှင် ၁၀၅၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် ၅% ပါဝင်ပြီး) ကျသင့်မှာ ဖြစ်ပါတယ်။
နေ့စဉ်ဝန်ဆောင်မှု ရယူလိုပါက REG D ဟုရိုက်၍ 7979 သို့SMS ပေးပို့ပါ။ တစ်ရက်လျှင် ၄၇ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် ၅% ပါဝင်ပြီး)ကျသင့်မှာ ဖြစ်ပါတယ်။
သီချင်းကိုမည်သည့်နေရာတွင်အစမ်းနားထောင်နိုင်မလဲ။
www.mycrbt.com.mm တွင် နမူနာ နားထောင်နိုင်သကဲ့သို့ Customer Service သို့ ဆက်သွယ်ပါက သီချင်းနမူနာကို ဖွင့်ပြနားဆင်လို့ရပါသည်။
သီချင်းကိုဘယ်လိုဝယ်ယူရမလဲ။
မိမိ ဝယ်ယူမည့် သီချင်းကုဒ်ကို 7979 သို့ buy Song code (ဥပမာ – buy xxxxxxx205) ဟု SMS ပေးပို့၍လည်း ဝယ်ယူနိုင်ပါသည်။
လစဉ်ကြေးကို ဘယ်တော့သက်တမ်းတိုးကောက်ခံမလဲ။
ဝန်ဆောင်မှုသက်တမ်းတိုးခြင်းအား ရက်(၃၀)အကြာတွင် သက်တမ်းတိုးခြင်းဖြစ်ပါသည်။ (ဥပမာ-၂ ရက် မတ်လ တွင် လစဉ် ဝန်ဆောင်မှုကို စတင်ဝယ်ယူပါက နောက် ရက် (၃၀) အကြာတွင် သက်တမ်းတိုးမည်ဖြစ်သည်။)
ဝန်ဆောင်မှုရယူရန် 7979 သို့ sms ပေးပို့ပြီးသော်လည်း မရသေးတာဘာကြောင့်လဲ။
ဖုန်းလက်ကျန်ငွေမလုံလောက်သေးသောကြောင့်ဖြစ်ပါသည်။
သက်တမ်းတိုးရမည့်အချိန်တွင် ဖုန်းဘေလ်မရှိပါက ဝန်ဆောင်မှုရပ်သွားပါသလား။
ဝန်ဆောင်မှု ခေတ္တ ရပ်နားထားပြီး ဖုန်းဘေလ်ထည့်သွင်းပြီးပါက ဝန်ဆောင်မှု အလိုအလျောက် ပြန်လည်ရရှိ လိမ့်မည်။
ဝန်ဆောင်ခအတွက် လက်ကျန်ငွေမလုံလောက်ဘူး။ သီချင်းအတွက်လဲလက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်မလဲ။
ဝန်ဆောင်ခအတွက် လက်ကျန်ငွေ မလုံလောက်ပါက ဝန်ဆောင်မှု သည် ခေတ္တရပ်ဆိုင်း နေမည် ဖြစ်ပါမည်။ ထိုအခါ သီချင်း လည်း လာမှာ မဟုတ်ပေမယ့် သီချင်းတော့ ဝယ်ထားသည်ဟု (library) တွင် ရှိနေမှာ ဖြစ်ပါသည်။ ဝန်ဆောင်ခအတွက် ပိုက်ဆံဖြတ်တောက်ပြီးမှသာ သီချင်းအတွက် ကျသင့်ငွေ ဖြတ်မှာဖြစ်ပါသည်။
ဝန်ဆောင်ခအတွက် လက်ကျန်ငွေလုံလောက်တယ်၊ သီချင်းအတွက် လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်မလဲ။
ဝန်ဆောင်ခလက်ကျန်ငွေလုံလောက်ပြီး သီချင်း အတွက် လက်ကျန်ငွေမလုံလောက်ပါက သီချင်း ဆက်လက် လာနေမှာဖြစ်ပါသည်။ဥပမာ – လူကြီးမင်း၏ ဖုန်းတွင် (၁) ရက်နေ့သည် သီချင်းသက်တမ်းတိုးသည့် ရက်ဖြစ်ပြီး ဖုန်းငွေမရှိပါက သီချင်း လာနေမှာ ဖြစ်ပြီး (၅) ရက်နေ့မှာ ဘေလ် ဖြည့်လိုက်သည့်အခါ (၅) ရက်မှစ၍ နောက် ရက် ၃၀ ထိ သက်တမ်းတိုးမှာ ဖြစ်ပါသည်။
လမကုန်သေးဘဲ သီချင်းတစ်ပုဒ်ထပ်ဝယ်လျှင် ကျသင့်ငွေပေးရပါသလား။
သီချင်းတစ်ပုဒ်ဝယ်ယူတိုင်း ကျသင့်ငွေပေးချေ ရပါမည်။
ထည့်ပြီးသော သီချင်းမကြိုက်လျှင် လဲလှယ်၍ ရပါသလား။
လဲလှယ်၍ မရပါ။ မိမိလိုချင်သော သီချင်းအားထပ်ဝယ်ရပါမည်။ သီချင်းတစ်ပုဒ်လျှင် တစ်လအတွက် (၃၁၅)ကျပ် ကျသင့်မည်ဖြစ်ပါသည်။
အောက်ပါ Keywords များကို 7979 သို့ပေးပို့အသုံးပြုနိုင်ပါသည်။
ဝန်ဆောင်မှု | 7979 သို့ပေးပို့ရန် Keywords |
လစဉ်ဝန်ဆောင်မှုရယူရန် | Reg M |
နေ့စဉ်ဝန်ဆောင်မှုရယူရန် | Reg D |
သီချင်းအသစ်ဝယ်ရန် | buy <song code> |
၀န်ဆောင်မှုပယ်ဖျက်ရန် | UNR |
နာမည်ကြီး ထိပ်တန်းသီချင်းစာရင်း | top |
နောက်ဆုံးပေါ် သီချင်းစာရင်း | latest |
၀ယ်ယူထားသော သီချင်းများကို ကြည့်ရန် | mylib |
၀န်ဆောင်မှုရပ်ဆိုင်းရန် | UNR |
သီချင်းကို ဖျက်ရန် | delete <song code> |
MPT Ring Tune ကို သင်ရဲ့ Default အဖြစ်ထားရန် | def <song code> |
Default ထားပြီး အလှည့်ကျ ပြန်ထားရန် | Random |
ပေးပို့ရမည်စာသားသိရှိရန် | help |
မြန်မာဘာသာသို့ပြောင်းရန် | Lan mya |
အင်္ဂလိပ်ဘာသာသို့ပြောင်းရန် | Lan eng |